Sunday, December 28, 2008

သ---သည်းခံခြင်း အကျိုးထူး မှ သဘင်ပွဲများ၊

သည်းခံခြင်း အကျိုးထူး ၅-ပါး။ ။ ခန္တီအကျိုး ၅-ပါး ဟူ၏၊ အထက်၎-ပါးကို ယခုဒိဋ္ဌ အကျိုးရနိုင်သည် မှတ်။
(၁) ဗဟုဇန မနာပ- လူအများတို့ ချစ်နှစ်လိုခြင်း၊
(၂) န ဝေရ ဗဟုလ- ဘေးရန် မများခြင်း၊
(၃) န ၀ဇ္ဇဗဟုလ- အပြစ် မရှိခြင်း၊
(၄) အ သံမုဠှ ကာလင်္ကတ- မတွေမဝေသေရခြင်း၊
(၅) သုဂတိ သဂ္ဂ လောက- နတ်ရွာ သုဂတိသို့လားရခြင်း။

သည်းမခံခြင်း အပြစ် ၅-ပါး။ ။ ၎င်းင်းသရုပ် အဓိပ္ပါယ်ကို သည်းခံခြင်းအကျိုးနှင့် ဆန့်ကျင်ဘက် ပြန်ယူပါ။

သညာ ၂-ပါး၊ မြတ်တရား၊ ပိုင်းခြား မှတ်ရှုရာ။ ။ ဈာန် ရရောက်ရေးအခြေခံ တရား နှစ်ပါး။
(၁) အာဟာရ ပဋိကူလ သညာ- အစာ၌စက်ဆုပ်ဘွယ် အမှတ်ရှုသိ၊
(၂) စတုဓာတု ၀၀တ္ထာန- ဓာတ် ၄-ပါးကိုပိုင်းခြား မှတ်ရှုသိ။

သညာ ၁၀-ပါး၊ မြတ်တရား၊ မိန့်ကြား ဖြေတော်မူ။ ။ ၎င်းင်းသရုပ် (ရောဂါပျောက်ငြိမ်း
ကြောင်း တရား ၁၀-ပါး)နှင့်တူ၏။

သတ္တဋ္ဌာန ၇-ဆူ။ ။ မူလပဏ္ဏာသ ။ဋ္ဌ။ ဒု-အုပ်၈၉။ ဘုရားရှင်တို့၏ ဓမ္မတာ ၃၀-တွင် ပါဝင်သည့်ဌာန၇-ပါး။
(၁) ပလ္လင်္က သတ္တာဟ- မောဟတဏှာ၊ အ၀ိဇ္ဇာကို၊ ပညာသန်လျက်၊ အာသ၀က်ဖြင့်၊ ပယ်ဖျက်ခုတ်ထွင်၊ အောင်မြင်တော်မူရာ၊ တရာသန်းတောင်၊ အမြင့်ဆောင်သည့်၊ ရွှေညောင်သီရိ၊ ပင်ဗောဓိ၏၊ ဘုမ္မိဧသန်၊ ရှေ့မြောက်ယံတွင်၊ တလံခြားကွာ၊ အရပ်သာ၌၊ ရတနာစုံ၊ ခြူးအုံခြူနွယ်၊ လွန်ဆန်းကြယ်သား၊ တဆယ့်လေးတောင်၊ အရောင်ခြောက်ဖြာ၊ အပ္ပရာဇိတေ၊ ငါးမာရ်ေ>ခလျက်၊ ပလ’င်ထက်ဝယ်၊ ခုနစ်ရက်ပေ၊ ငြိမ်သက်ဣနြေ္ဒ၊ နေတော်မူရာ၊ အရပ်သာလည်း တဌာန။
(၂) အာနိမိသ သတ္တာဟ- ဗောဓိပင်မြောက်၊ အံ့လောက်ထင်ရှား၊ ဆယ်လံခြားတွင်၊ ဖ၀ါးခြေစုံ၊ ရပ်ပြီးတုံမှ၊ အာရုံမလပ်၊ မခပ်မျက်တောင်၊ ရက်လည်အောင်လျှင်၊ ဘုန်းခေါင်လူ့ထိပ်၊ ငါးမာရ်နှိပ်သည်၊ မမှိတ်မျက်စိ၊ ပကတိဖြင့်၊ ရှုကြည့်တော်မူရာ၊ အရပ်သားလည်း တဌာန။
(၃) စင်္ကမ သတ္တာဟ- ရွက်ရင့်ရွှေရောင်၊ တပြောင်ပြောင်တည့်၊ ညောင်ဗောဓိနှင့်၊ အနိမိသ အကြား၊ ရှေ့နောက်လျား၍၊ သွားမြဲအမှန်၊ နှစ်လံကွာတွင်၊ ရတနာစင်္ကြံ၊ ပျော်တုံစံလျက်၊ ခုနစ်ရက်ပေ၊ ငြိမ်သက်ဣနြေ္ဒ၊ ရောင်ခြောက်ထွေဖြင့်၊ နေတော်မူရာ၊ အရပ်သာလည်း တဌာန။
(၄) ရတနာဃရ သတ္တာဟ- ဗောဓိအောင်ခန်း၊ ရွှေညောင်နန်းနှင့်၊ တန်းတန်းမဖြောင့်၊ နောက်မြောက်ထောင့်ဝယ်၊ ဘုန်းကြောင့်ဖြစ်ပြန်၊ ၁၅-လံတွင်၊ ရောင်လျှံသွယ်ဖြာ၊ ရတနာ ၇-ပါး၊ နတ်များဖန်ဆင်း၊ ရွှေအိမ်တွင်း၌၊ သနင်းမြတ်စွာ၊ ဘိဓမ္မာကို၊ ရက်ကြာသတ္တ၊ မနစိတ်သန်၊ အကြံပျော်ပျော်၊ ဆင်ခြင်တော်မူရာ၊ နာမည်ထူးဆန်း၊ ရွှေအိမ်နန်းလည်း တဌာန။
(၅) အဇပါလ သတ္တာဟ- ညောင်ဗောဓိနှင့်၊ ၃၂-လံ၊ သင်္ချာမှန်သည်၊ ရှေ့ယံမစောင်း၊ ညောင်ဆိတ်ကျောင်းဝယ်၊ နေညောင်းတင့်တယ့်၊ စံပယ်တုံလျက်၊ ခုနှစ်ရက်ပေ၊ ရောင်ခြည်ထွေဖြင့်၊ နေတော်မူရာလည်း တဌာန။
(၆) မုဉ္စလိန္ဒ သတ္တာဟ- ညောင်ဗောဓိရှေ့၊ တောင်ခပ်ကွေ့မှန်၊ ၁၅-လံတွင်၊ ပြန်ထန်မောက်ဖြိုး၊ ရွာသည့်မိုဃ်းကို၊ တန်ခိုးထန်ပြင်း၊ နဂါးမင်းသည်၊ ဆီးနှင်းပေါက်မျှ၊ မကျစေငှါ၊ ပါးပျဉ်းကာလျက်၊ ခုနစ်ရက်မျှ၊ ချမ်းမြရိပ်မြုံ ပျော်ပိုက်လှုံသည်လည်း တဌာန။
(၇) ရာဇာ ယတန သတ္တာဟ- ငါးမာရ်နှိပ်နင်း၊ မြေဥကင်းဝယ်၊ ပွင့်လင်းသီရိ၊ ၀င်းဝင်းညိသည်၊ ဗောဓိတောင်ခွင်၊ မြသွင်စိမ်းလဲ့၊ သင်္ချာဖွဲ့သော်၊ တစ်ဆယ့်တစ်လံ၊ ထိုရပ်ဌာန်တွင်၊ ဘုန်းလျှံမြူးထွေ၊ ကိုယ်တည်းနေ၍၊ ရက်လည်စေ့သော်၊ နတ်ကျော်သိကြား၊ လှူငြားလာဆုံး၊ သုံးလုံးကြဇု၊ ဘုဉ်းပေးပြုမှ၊ စတုလောက၊ ဒေ၀ထင်ရှား၊ နတ်လေးပါးလည်း၊ လှူငြားလာမြောက်၊ ပဲနောက်အဆင်း၊ ရောင်ခြင်းဖိတ်ဖိတ်၊ သပိတ်လေးလုံး၊ တန်ခိုးဘုန်းကြောင့်၊ တလုံးတည်းဖြစ်၊ နားလေးရစ်နှင့်၊ ဆင့်တုံပြီးမှ၊ တပုဿနှင့်၊ ဘလ’ိကညီနောင်၊ လှူဆောင်ကမ်းလှမ်း၊ ပျားမုံ့ဆွမ်းကို၊ ဘုဉ်းပေးပြီးခါ၊ စောမြတ်စွာ၏။ နေရာရပ်ခန်း၊ မြတ်လင်းလွန်းလည်း တဌာန။

သတ်ဖြတ်ခြင်းမျိုး ၆-ပါး။ ။ ၎င်းင်းသရုပ် (ပယောဂမျိုး ၆-ပါး) ၌ ရှုပါ။

သတ္တရဘန် ၇-တန်။ ။ သတ္တဗ္ဘန္တရ ဟူသော ပါဠိပျက်စကား၊
မြင်းမိုရ်တောင်မင်းအား လှည့်လည်ရစ်ပတ် နှောင်ဖွဲ့ဝန်းရံ ပိုင်းခြားထားသော"တောင်စဉ် ၇-ထပ်"ကို ခေါ်သည်၊
သရုပ်ကို(တောင်စဉ် ၇-ထပ်)၌ရှုပါ။

သတ္တရူပါ၊ သတ္တ၀ါ၊ ၇-ဖြာ ရုပ်ပုံ အဘယ်နည်း?။ ။ ရွှေဘုံနိဒါန်းလာသတ္တရူပ ဖေါင်ပုံမှ ယူဖြေသည်။
(၁) ကရ၀ိက် နှုတ်သီးနှင့် လည်ဆံ၊
(၂) ဆင်စွယ်နှစ်ချောင်းနှင့် နှာမောင်း၊
(၃) နွားလာ;ဘို့၊
(၄) ငါးကြင်းအမြီး၊
(၅) ကြက်တူရွေး အတောင်၊
(၆) တိုးချိုနှစ်ချောင်း လက်တဖက် ခြေတဖက် အမြီး၊
(၇) မြင်းနား နှစ်ဖက် လက်တဖက် ခြေတဖက်။

သတ္တ၀ါတို့ တည်နေကြခြင်း အကြောင်းတရား ၈-ပါး။ ။
ရာဂ, ဒေါသ, မောဟ, ဒိဋ္ဌိ, အနုသယ, မာန, ၀ိစိကိစ္ဆာ, ဥဒ္ဓစ္စ။ မဟာနိဒ္ဒေသ။ပါ။၁၈။ဋ္ဌ။ ၈၁-၌ အကျယ်ရှုပါ။

သတ္တ၀ါတို့၏ အညစ်အကြေးတရား ၉-ပါး။ ။ ၎င်းင်းသရုပ်ကို(လူတို့၏အညစ်အကြေး တရား၉-ပါး) သုတေသန၌ ဆိုခဲ့ပြီ။

သတ္တ၀ါသ ဘုံ ၉-၀ ။ ။ ပဋိသမ္ဘိဒါမဂ် ။ပါ။ ၂၃ ။ဋ္ဌ။ ပ-အုပ်၊ ၁၀၆။သတ္တ၀ါတို့၏ နေရာဘုံ ကိုးဝ။
(၁) နာနတ္တကာယ နာနတ္တသညီ- လူ့ဘုံနတ်ဘုံ၊
(၂) နာနတ္တကာယ ဧကတ္တသညီ- အပါယ် ၄-ဘုံ၊ ပဌမဈာန် ၃-ဘုံ၊
(၃) ဧကတ္တကာယ နာနတ္တသညီ- ပဉ္စကနည်း၌ ဒုတိယဈာန် တတိယဈာန် နှစ်ဘုံပေါင်း၊
(၄) ဧကတ္တကာယ ဧကတ္တသညီ- ပဉ္စကနည်း၌ စတုတ္ထဈာန် ၃-ဘုံ၊ ဝေဟပ္ပိုလ်ဘုံ၊ သုဒ္ဓါပါသ ၅-ဘုံ၊
(၅) အာကာသာနဉ္စာယတနဘုံ၊
(၆) ၀ိညာနဉ္စာ ယတနဘုံ၊
(၇) အာကိဉ္စညာယတနဘုံ၊
(၈) နေ၀သညာနာသညာ ယတနဘုံ၊
(၉) အသညသတ်ဘုံ၊
၎င်းင်းကိုရည်၍ ပါရမိခဏ်း၌“ထောက်ထား ပညာ၊ မှတ်သားနာလော့၊ သတ္တ၀ါသ၊ ဘုံကိုးဝ၌၊ ပစ်ချကြမ္မာ၊ စေတနာကြောင့်၊ သညာဧကတ်၊ နာနတ်ထူးခြား၊ အလားလားလျှင်၊ ငါးပါးဂတိ၊ မှားဘွယ်ရှိ၏” ရှင်မဟာသီလ၀ံသ။

သတိတရားမျိုး ၂-ပါး။ ။ အောက်မေ့တတ် အမှတ်ရတတ်သော တရား၂-ပါး။
(၁) သတိစစ်- ရတနာသုံးပါး ဆရာမိဘစသော ကောင်းသောအရာများ၌ အောက်မေ့ အမှတ်ရခြင်း သမ္မာသတိ၊
(၂) သတိတု- မိစ္ဆာအယူရှိသူတို့ မိမိတို့ဆိုင်ရာ ဘုရား တရားတွေကို အောက်မေ့ အာရုံပြုမှုမိစ္ဆာသတိ။

သတိပဋ္ဌာန် ၄-ပါး။ ။ သတိစေတသိက်၏ မိမိဆိုင်ရာ အာရုံထဲ၌ လွန်လွန် ကဲကဲ စွဲစွဲမြဲမြဲသက်ဝင် တည်နေရာ ပဋ္ဌာနကြီး ၄-ပါး။
(၁) ကာယာနုပဿနာ သတိပဋ္ဌာန်- ဆံပင် အမွေးစသော ကောဋ္ဌာသ ပညတ်အစုဝယ် အသုဘအခြင်းအရာ အားဖြင့် အထပ်ထပ်ရှုခြင်း၌ မမေ့သော သတိ၊
(၂) ဝေဒနာနုပဿနာ သတိပဋ္ဌာန်- ဝေဒနာအစုကို အဖန်ဖန်ရှုရာဝယ်ဤကား ကာမသုခဝေဒနာçဤကား ဒုက္ခဝေဒနာ,ဤကား ဥပေက္ခာဝေဒနာဟု အထပ်ထပ်ရှုဆင်ခြင်ခြင်း၌ မမေ့အပ်သောသတိ၊
(၃) စိတ္တာနုပဿနာသတိပဋ္ဌာန်- ဤစိတ်ကား ရာဂနှင့် တကွ ဖြစ်သောစိတ်၊ ဤစိတ်ကား ရာဂကင်းသောစိတ်ဟု ခွဲခြမ်းလျက် စိတ်အမျိုးမျိုးဖြစ်ပုံတို့၏ မမြဲပုံ အနိစ္စလက္ခဏာကို အခါခါအထပ်ထပ် မပြတ်ရှုသော သတိ၊
(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်-အလုံးစုံသော သင်္ခါရက္ခန္ဓာဓမ္မ အပေါင်းသည် အစိုးမရ အလိုသို့မလိုက် အနှစ်မပါ အကာသက်သက် အနတ္တမျှသာဟု ၀ိပဿနာဥာဏ်ဖြင့် ဆင်ခြင်အောက်မေ့သော သတိ။

သတိပဋ္ဌာန်၊ ပွားများရန်၊ ၃-တန် အင်္ဂါမိန့်။ ။ သတိပဋ္ဌာန်တရားပွားစည်းရေး၌ ဤအင်္ဂါ ၃-ပါးနှင့် ပြည့်စုံစေရမည်။ (၁) အာတာပီ- အကုသိုလ်ပယ်စွန့်ရေး၌ လုံ့လထားခြင်း၊
(၂) သမ္ပဇာန- ဥာဏ်အမြော်အမြင်ကြီးခြင်း၊
(၃) သတိမာ- စွဲမြဲသော သတိ ထားရှိရခြင်း။

သတိရခြင်း အကြောင်း ၁၆-ပါး။ ။ မိလိန္ဒပဥှာ။
(၁) ရှေးရှုသောအားဖြင့်
(၂) အမြဲမှတ်ထားသော အားဖြင့်၊
(၃) ရုန့်ရင်းသည်ကိုသိသောအားဖြင့်၊
(၄) အကျိုးစီးပွားရှိသည်ကို သိသောအားဖြင့်၊
(၅) အကျိုး မရှိသည်ကိုသိသောအားဖြင့်၊
(၆) သဘာဂ-သဘောတူ အာရုံအားဖြင့်၊
(၇) ၀ိသဘာဂ- သဘောမတူသော အာရုံအားဖြင့်၊
(၈) စကားကားကို အောက်မေ့စေသော အားဖြင့်၊
(၉) အမှတ်လက္ခဏာ အားဖြင့်၊
(၁၀) လက်ရေး အားဖြင့်၊
(၁၁) ရေတွက်သောအားဖြင့်၊
(၁၂) ဆောင်ရွက်သောအားဖြင့်၊
(၁၃) ဘာဝနာ အားဖြင့်၊
(၁၄) ပုရပိုဒ်ပေတို့၌ ရေးမှတ်သဖြင့်၊
(၁၅) အနီး၌ နှံထားသော အားဖြင့်၊
(၁၆) အစဉ်ခံစားဘူးသော အားဖြင့်၊ သတိသည်ဖြစ်၏။

သတ္ထက လေးမျိုး ၇-ပါး။ ။ လေသင်ဓုန်းမျိုးလည်းဟူ၊ ၎င်းင်းသရုပ် (လေမျိုး ၈၀ «ခ» ပိုဒ်၌) ရှုပါလေ။

သဒ္ဒါကျမ်းဂန်၊ မျိုး ၃-တန်၊ ပုဂံ ခေါင်ထိပ်ဗွေ။ ။ ပါဠိ သဒ္ဒါကျမ်းကြီးများတွင် မိမိသုတ်နှင့် မိမိစီရင် ရေးဉပထားခဲ့သော ကျမ်းကြီး ၃-ကျမ်းအနက်ပုဂံခေတ် နရပတိစည်သူ
မင်းတြားကြီး လက်ထက် သက္ကရာဇ် ၅၁၆-ခုနှစ်တွင် အရှင်အဂ္ဂ၀ံသဆရာတော် စီစဉ်ရေးပြုတော်မူခဲ့သော သဒ္ဒနီတိကျမ်းသည် ခေါင်ထိပ်ဆုံးဟု သီဟိုဠ်ကျမ်းတတ်အကျော် ဆရာတော်ကြီး များချီးကျူး မြွက်ကြားတော် မူခဲ့ကြသည်ဟု ရှေးထုံး စကားစဉ် ရှိ၏။
(၁) ဣန္ဒိယပြည်မှ ရှင်ကစ္စည်းမထေရ် ရေးပြုခဲ့သော "ကစ္စည်းသဒ္ဒါကျမ်း" ယခုမြန်မာပြည် ရဟန်း သာမဏေတို့ မူလသင်ရိုး လက်စွဲသဒ္ဒါကျမ်းပင်ဖြစ်၏၊
(၂) သီဟိုဠ်ကျွန်းမှ အရှင်မောဂ္ဂလန်ထေရ် ရေးပြုသော"မောဂ္ဂလာန ဗျာကရဏကျမ်း"၊
(၃) မြန်မာပြည် ပုဂံမှ အရှင်အဂ္ဂ၀ံသဆရာတော် ရေးသားပြုစုခဲ့သော"သဒ္ဒနီတိကျမ်းကြီး"
၎င်းင်းကျမ်းစာသက်မှာ ဤသုတေသနသရုပ်ပြ အဘိဓာန်ကျမ်းကိုစတင်ရိုက်နှိပ်သော ၁၃၁၆-ခုနှစ်၌ အနှစ် (၈၀၀) တင်းတင်းပြည့်ခဲ့လေပြီ။

သဒ္ဒါလင်္ကာရ မျိုး ၁၀-ပါး။ ။
၎င်းင်းသရုပ်ကို(ဂုဏ် ၁၀-ပါး)မှာကြည့်ပါ။

သဒ္စမ္မတရား၊ မျိုး ၃-ပါး၊ ထင်ရှား မိန့်တော်မူ။ ။ သူတော်ကောင်း တရား ၃-ပါးဟု ဆိုလိုသည်၊ ၎င်းင်းကိုပင် အချို့နေရာ၌ သာသနာ ၃-ပါးဟုရေးသားကြသည်လည်း ရှိ၏၊ သို့သော် အမှန်ကား နောက် ၂-ပါးကိုသာသနာဟု မယူဆထိုက်ချေ၊ ပရိယတ္တိသာလျှင် အဆုံးအမ စကားတော် အစစ် သာသနာဖြစ်ချေသည်။
(၁) ပရိယတ္တိ သဒ္ဓမ္မ- မြတ်စွာဘုရား၏ အဆုံးအမ စကားတော်များ၊
(၂) ပဋိပတ္တိ သဒ္ဓမ္မ- ဆုံးမချက်အတိုင်းလိုက်နာ ကျင့်ကြံမှုများ၊
(၃) ပဋိဝေဓ သဒ္ဓမ္မ- လိုက်နာကျင့်ကြံမှုများအတွက်ရရှိသော လုပ်ခအကျိုး မဂ် ဖိုလ် နိဗ္ဗာန်မျိုး။

သဒ္ဓါအပြား၊ မျိုး ၂-ပါး၊ ခွဲခြား စိတ်ဖြာသိ။ ။ မိမိတို့ဘာသာç ၀ါဒဆိုင်ရာသက်ဝင်ယုံကြည်မှုမျိုး ၂-ပါး။
(၁) သဒ္ဓါတု- ကျောက်ခဲကို ဓာတ်တော်စစ်ဟု ယုံကြည်နေခြင်း၊ ဘုရား, တရား, သံဃာ အစစ် မဟုတ်သည်တို့ကို အစစ်မှတ်ထင်ကာ လွန်စွာ ယုံကြည်နေခြင်းမျိုး၊ မိစ္ဆာဓိမောက္ခခေါ် သဒ္ဓါအတုဖြစ်၏၊
(၂) သဒ္ဓါစစ်- ရတနာသုံးတန် ကံ, ကံ၏အကျိုးကိုယုံကြည်ခြင်း။

သဒ္ဓါမျိုး ၄-ပါး၊ တနည်း။ ။ မဇ္ဈိမပဏ္ဏာသ ။ပါ။ ၂၉၈ ။ဋ္ဌ။ ၂၂၅။ယုံကြည်လေးစားမှု အပြားလေးပါး။
(၁) ပသာဒ သဒ္ဓါ- ကြည်ညိုသင့်,ထိုက်,အပ်,သော ဂုဏ်ကိုမြင်ရ ကြားရလျှင် ကြည်ညိုတတ်သောသဒ္ဓါမျိုး၊
သို့သော်ဥာဏ၀ိပ္ပယုတ် သဒ္ဓါမျိုးဖြစ်၍ မခိုက်မြဲတတ်ချေ၊
(၂) သြကပ္ပနသဒ္ဓါ- ဗုဒ္ဓ၏ အရဟံစသော ဂုဏ်တော်၊ ဓမ္မ၏သွာက္ခာတော စသောဂုဏ်တော်၊
သံဃာ၏ သုပ္ပဋိပ္ပန္န စသော ဂုဏ်တော်များကို သိမြင်ကြား၍ ကြည်ညိုသော သဒ္ဓါမျိုး၊
၎င်းင်းကား ဥာဏသမ္ပယုတ်သဒ္ဓါမျိုးဖြစ်၍ ယခုဘ၀အတွက်တာ ခိုင်မြဲလျက် သေလျှင် ပျောက်သည်၊
(၃) အာဂမ သဒ္ဓါ- ဗုဒ္ဓလောင်းလျာတို့၏ နိယတဗျာဒိတ်ကိုရပြီးရာ ဒါန သီလမှု၌ အစဉ်ပါလာသော သဒ္ဓါမျိုး၊
(၄) အဓိဂမ သဒ္ဓါ- နိဗ္ဗာန်ကို မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့် ကိုယ်တိုင်မြင်ပြီးသော အရိယာတို့၏ သဒ္ဓါမျိုး။

သန္တောသတရား ၁၂-ပါး။ ။ နိဒါန၀ဂ္ဂသံယုတ် ။ပါ။ ၃၉၉ ။ဋ္ဌ။ ၁၅၀-၌အကျယ်ရှုပါ။သန္တုဋ္ဌီခေါ် ရရသမျှနှင့် ရောင့်ရဲတင်းတိမ်မှု သဘောတရား ဆယ့်နှစ်ပါးကို ခေါ်သည်၊ ဤ၌ “ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး”လေးပါးကို တည်၊
အောက်ပါ သန္တောသ ၃-ပါးနှင့် မြှောက်သော် ၁၂-ပါးဖြစ်၏။
(၁) ယထာလာဘ သန္တောသ- ကောင်းဆိုးနှစ်ပါး မခွဲခြားဘဲ ရလာသမျှဖြင့်သာ ရောင့်ရဲ၍နေမှု၊
(၂) ယထာဗလ သန္တောသ- ကောင်းဆိုးထူပါး ခွဲခြားဝေဘန်လျက် မိမိနှင့်သင့်လျော်ရုံမျှသာ လဲလှယ်ဖလှယ်၍ သုံးဆောင်ခြင်း၊
(၃) ယထာသာရုပ္ပ သန္တောသ- ကောင်းမွန်အဖိုးတန်သော ပစ္စည်းများကို သူတပါးအား ပေးလှူလျက် မိမိမူကား သူတပါး
မကြိုက်သော ပစ္စည်းများကိုသာ ရှာဖွေသုံးဆောင်ခြင်း။

သန့်ရှင်းရေးတရား ၃-ပါး။ ။ ၎င်းင်း သရုပ်ကို (သောဓေယျတရား ၃-ပါး)၌ ဆိုအံ့။

သပ္ပါယအပြား မျိုး ၄-ပါး။ ။ ရဟန်း, ရှင်, လူတို့ မိမိနှင့် မျှတချမ်းသာမှုသဘောတရား လေးပါး။
(၁)ဘောဇန သပ္ပါယ- စားသောက်မှု၌သင့်လျော် လျောက်ပတ်ခြင်း၊
(၂) အာဝါသ သပ္ပါယ- နေထိုင်ရာ အိုး အိမ် ကျောင်းတို့ လျောက်ပတ်မှု၊
(၃) ပုဂ္ဂလ သပ္ပါယ-ပေါင်းသင်းဆက်ဆံမှု၌ ညီညွတ်သင့်တင့်ရေး၊
(၄) ဥတု သပ္ပါယ- ကျန်းမာရေး၌ သင့်တင့်လျောက်ပတ်မှု။

သပ္ပါယအပြား ၇-ပါး၊ တနည်း။ ။ ဥပရိပဏ္ဏာသ ။ဋ္ဌ။ ၁၁၅။
အာဝါသော, ဂေါစရော ဘဿံ၊ ပုဂ္ဂလော, အထ ဘောဇနံ။
ဥတု ဣရိယပထော စေ၀၊ သပ္ပါယော သေ၀ိတဗ္ဗော တိ။

သပိတ်အပြား၊ မျိုး ၂-ပါး၊ ဘုရားခွင့်ပြုချက်။ ။
(၁) မတ္တိကာ ပတ္တ- မြေသပိတ်မျိုး၊
(၂) အယ ပတ္တ- သံသပိတ်မျိုး၊
ရဟန်းတော်များ အတွက် ထိုသပိတ် ၂-မျိုးသာ အပ်၏။

သပိတ်မျိုး ၃-ပါး။ ။ ရဟန်း သာမဏေတို့ သုံးဆောင်ရန် ဘုရားခွင့်ပြုတော်မူသော သပိတ် သုံးမျိုး၊ အကျယ်ကို ၀ိနည်း ပတ္တ၀ဂ်၌ ရှုပါ။
(၁) ဥက္ကဋ္ဌသပိတ်- မပြော့မမာ အလောတော် ချက်ပြီး ထမင်းသုံးပြည့်တခွက် ၀င်သော သပိတ်၊
(၂) မဇ္ဈိမသပိတ်- ၎င်းင်းထမင်းမျိုး သုံးခွက်နှင့်တစလယ်ဝင်သော သပိတ်၊
(၃) သြမကသပိတ်- ၎င်းင်းထမင်းမျိုး သုံးခွက်နှင့်တလမယ် ၀င်သော သပိတ်။

သပိတ် ၉-လုံး။ ။ ပါရာဇိက ။ပါ။၃၅၃။ဋ္ဌ။ဒု-အုပ်။၂၈၁။အထက်ပါသုံးမျိုးကို ကိုးမျိုးပြားပုံ။
«က» ။
(၁) ဥက္ကဋ္ဌသပိတ်-အထက်နှင့် တူ၏၊
(၂) ဥက္ကဋ္ဌုက္ကဋ္ဌသပိတ်-ဥက္ကဋ္ဌ သပိတ်ထက်ကြီးသည်၊ (၎င်းင်းသည် အဓိဋ္ဌာန်ဝိကပ္ပနာ မအပ်။)
(၃) ဥက္ကဋ္ဌ သြမက သပိတ်- ဥက္ကဋ္ဌသပိတ်အောက်ငယ်၍ မဇ္ဈိမသပိတ်ထက် ကြီးသည်။
«ခ»။
(၄) မဇ္ဈိမသပိတ်- အထက်နှင့်တူ၏၊
(၅) မဇ္ဈိမုက္ကဋ္ဌ သပိတ်-မဇ္ဈိမ သပိတ်ထက်ကြီး၍ ဥက္ကဋ္ဌ သပိတ်အောက် ငယ်သည်၊
(၆) မဇ္ဈိမောမက သပိတ်-မဇ္ဈိမသပိတ်အောက် ငယ်၍ သြမက သပိတ်ထက် ကြီးသည်။
«ဂ»။
(၇) သြမကသပိတ်-အထက်နှင့် တူ၏၊
(၈) သြမက ဥက္ကဋ္ဌသပိတ်- သြမကသပိတ်ထက်ကြီး၍ မဇ္ဈိမ သပိတ်အောက်ငယ်သည်၊
(၉) သြကကောမက သပိတ်- သြမက သပိတ်အောက်ငယ်သည်၊ (၎င်းင်းသည် အဓိဋ္ဌာန် ၀ိကပ္ပနာ မအပ်။)
အကျယ် အဆုံးအဖြတ်ကို ၀ိနည်းတော် ပတ္တ၀ဂ်မှာရှုလေ။

သပိတ်မှောက်ခြင်း၏ အင်္ဂါ ၈-ပါး။ ။ ရဟန်တော်များက ဒါယကာများအား သပိတ်
မှောက်ရခြင်း အင်္ဂါ၈-ပါးဟူ၏။ ၀ိနည်းတော်မှ။
(၁) ဘိက္ခူနံ အလာဘာယ ပရိသက္ကန- ရဟန်းတို့အား လာဘ်တိတ်အောင် လာဘ်မရအောင် ပြုလုပ်ခြင်း၊
(၂) အနတ္တာယ ပရိသက္ကန- အကျိုးမဲ့ဖြစ်အောင်ပြုခြင်း၊
(၃) အ၀ါသာယ ပရိသက္ကန- နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း၊
(၄) အက္ကောသန-ဆဲရေးခြင်း၊
(၅) ဘေဒန-ရဟန်းချင်းဂိုဏ်းကွဲအောင်ပြုခြင်း၊
(၆) ဗုဒ္ဓအ၀ဏ္ဏ ဘာသန- ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကိုပြောဆိုခြင်း၊
(၇) ဓမ္မ အ၀ဏ္ဏ ဘာသန- တရား၏ ဂုဏ်မဲ့ကို ပြောဆိုခြင်း၊
(၈) သံဃ အ၀ဏ္ဏ ဘာသန-သံဃာ့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုကဲ့ရဲ့ခြင်း။
မှတ်ချက်။ ။ ပတ္ထနိက္ကုဇ္ဇန ကံဆောင်ခြင်း အင်္ဂါ ၈-ပါးဖြစ်သည်။

သပ္ပုရိသ ဂုဏ်အင်္ဂါ ၇-ပါး။ ။ မဂ်ဖိုလ်ရကြောင်း တရားလမ်းကောင်းညွှန်ပြ ဟောကြား
သူတို့၏ ဂုဏ်အင်္ဂါ ၇-ပါး။
(၁) ပိယ ဂုဏ်-သတ္တ၀ါမှန်သမျှ ချစ်မြတ်နိုးလှခြင်း၊
(၂) ဂုရုဂုဏ်- ကမ္ဘာသားအားလုံးတို့လေးစားနိုင်သော ကိုယ်ကျင့်သိက္ခာ ရရှိခြင်း၊
(၃) ဘာဝနီယ ဂုဏ်- ဝေဘန်သုံးသပ်နိုင်သော ဥာဏ်ရှိရခြင်း၊
(၄) ၀တ္တဂုဏ်- မေးသမျှ ချေပဖြေဆိုနိုင်မှု ရှိရခြင်း၊
(၅) ၀စနက္ခမ ဂုဏ်- မေးစမ်းပြောဆိုသမျှ သည်းခံနိုင်ရခြင်း၊
(၆) ဂမ္ဘီရ ဂုဏ်- နက်နဲခက်ခဲသော တရားမြတ်ကို ဟောကြားထုတ်ဖေါ်ပြနိုင်မှု ရှိရခြင်း၊
(၇) နောစာဌာန ဂုဏ်- မလျော်ရာဌာန၌ မဟောပြမတိုက်တွန်းမှုရရှိခြင်း။

သပ္ပုရိယ ဒါနမျိုး ၅-ပါး။ ။ ပဉ္စင်္ဂုတ္တရ။ပါ။ ၁၅၂။ဋ္ဌ။၅၃-၌ အကျယ်ရှုပါ။
၎င်းင်း သရုပ်(အသပ္ပုရိသ ဒါနမျိုး ၅-ပါး)နှင့် ဗျတိရိက် ယူပါလေ။

သဗ္ဗညုတဥာဏ်၏ အစွမ်း ၃-ပါး။ ။ သဗ္ဗညုတဥာဏ်တော်၏ အားအစွမ်း၃-ပါး။
(၁) ဉေယျဓံတရား ငါးပါးတို့ကို သဘောအားလျော်စွာ သိစွမ်းနိုင်ခြင်း၊
(၂) သို့ သိသည့်အားလျော်စွာ ထိုဉေယျဓံတရားတို့၏ဟောအပ်သော အပြားကို သိစွမ်းနိုင်ခြင်း၊
(၃) ဝေနေယျပုဂ္ဂိုလ်တို့၏ အာသယ အဓိမုတ္တိ အစရှိသည်ကို ထင်ရှားအောင် ပြစွမ်းနိုင်ခြင်း။

သဗ္ဗစိတ္တ သာဓာရဏ စေတသိက် ၇-ပါး။ ။ စိတ် ၈၉-ပါးလုံးနှင့် ယှဉ်သောစေတသိက်များဟူ၏
(၁) ဖဿ- အာရုံ၏အရသာကို ခံစားခြင်းလက္ခဏာ၊
(၂) ဝေဒနာ- အာရုံ၏ အရသာကို ခံစားခြင်းလက္ခဏာ၊
(၃) သညာ- အာရုံကိုမှတ်၍ သိခြင်း လက္ခဏာ၊
(၄) စေတနာ- စေ့ဆော်နှိုးဆော်ခြင်းလက္ခဏာ၊
(၅) ဧကဂ္ဂတာ- မိမိအာရုံမှ တပါးသို့ မရွေ့ရှားခြင်း, သမ္ပယုတ်တရားတို့ကို မပျံ့လွင့်ခြင်းလက္ခဏာ နှစ်ပါး၊
(၆) ဇိဝိတိနြေ္ဒ- မိမိနှင့်အတူဖြစ်ဖက် ယှဉ်ဖက်တရားတို့ကို စောင့်ရှောက်ခြင်း လက္ခဏာ၊
(၇) မနသိကာရ- ယှဉ်ဖက်တရားစုကို အာရုံသို့ ပြေးစေခြင်း စိုင်းနှင်ခြင်းလက္ခဏာရှိ၏။

သဘင်ပွဲများ၊ ကြူးပျော်သွား၊ ၆-ပါး အပြစ်ရ။ ။ ၎င်းင်း သရုပ်ကို (ပွဲလမ်းသဘင်၊ ပျော်ကြူးလျှင်၊ ၆-အင် အပြစ်ရ) ဟူသော သုတေသန၌ဆိုခဲ့ပြီ။