Sunday, December 28, 2008

သိ-သီ-သု-သူ---သိက္ခာသုံးပါး မှ သူ့သားမယား၊

သိက္ခာသုံးပါး။ ။ မဇ္ဈိမပဏ္ဏာသ ။ဋ္ဌ။ ၂၀-၌ အကျယ်ရှုပါ။ ကိုယ်ကျင့်တရားနှင့် တည်ကြည်ဖြောင့်မတ်မှု ကိလေသာမှ လွတ်ကင်းမှု လုပ်ငန်းပညာရပ်များ ဟူ၏။
(၁) အဓိသီလသိက္ခာ-ရဟန်းတော်များ စောင့်ထိန်းရသည့်(၂၂၇)သွယ်သော သီလသိက္ခာပုဒ် အကျင့်မြတ်များ။
(၂) အဓိစိတ္တသိက္ခာ-၀ိပဿနာ၏ အခြေခံဖြစ်သော သမထလုပ်ငန်းရပ်နှင့် သမာပတ်ရှစ်ပါး သမာဓိသဘောတရား အကျင့်မြတ်များ။
(၃) အဓိပညာသိက္ခာ-ပညာမဂ္ဂင် ၂-ပါး ဦးစီးသော ရုပ်çနာမ် ဓမ္မတို့၏ ဥဒယ ၀ယ သဘောမှန်ကို ဧကန် ပိုင်းခြား၍သိရန် ၀ိပဿနာဥာဏ် အလုပ်သဘော အကျင့်မြတ်။

သိက္ခာမျိုး ၅-ပါး၊ တနည်း။ ။ သိပ္ပံပညာမျိုး ၅-ပါး။
(၁) ယောဂ သိက္ခာ- စက်မှု လက်မှု ပညာ၊
(၂) ၀ိနိစ္ဆယ သိက္ခာ- တရားနှင့် လျော်ညီစွာ ဆုံးဖြတ်ခြင်း၊
(၃) ကေတု သိက္ခာ- နိမိတ် တိတ်တပေါင်ဝေဒ စသည့် ပညာ၊
(၄) ပေါရာဏ သိက္ခာ- ရှေးဖြစ်ဘူးသော စကားဟောင်း မင်းစဉ် မင်းဆက်အကြောင်းအရာ စာဆိုတော်ခေါ် စာရေးဆရာ ပညာ၊
(၅) ဟတ္ထိအဿ သိက္ခာ- ဆင်စီး မြင်းစီး စစ်တက် စစ်ဆင် အရာတို့၌ လိမ်မာသောပညာ။ မှတ်ချက်။ ။
၎င်းင်း ငါးပါးကို ပညာ ငါးပါးဟုလည်း ရေးမှတ်ကြသေးသည်။


သိကြားမင်း၏ မိဖုယားပေါင်း ၁၆၀၀။ ။ ၎င်းင်းအကျယ်ကို ၀ိမာန၀တ္တုအဋ္ဌကထာ။ ၁၆၇-၌ ရှုပါ။

သိကြားမင်း၏ သမီးတော် ၄-ယောက်။ ။ အသီတိနိပါတ် သုဓာဘောဇနဇာတ်၌ အကျယ်
ရှုပါ။
(၁) အာသာ၊
(၂) သိရီ၊
(၃) သဒ္ဓါ၊
(၄) ဟိရီ။

သိကြားမင်း ဖြစ်ကြောင်းတရား ၇-ပါး။ ။ သဂါထာဝဂ္ဂသံယုတ် ။ပါ။၂၃၀ ။ဋ္ဌ။ ၃၁၇။ သိကြားဖြစ်ကြောင်း ကျင့်ဝတ္တရား ၇-ပါး လင်္ကာ၊
" ၁- မိဘပြုစု၊ ၂- ကြီးသူကြိုးနွံ့၊ ၃- နှုတ်သံညက်ညော၊ ၄- ကုန်းမချောတည့်၊ ၅- နှမြော မနှောင့်၊
၆- သစ္စာစောင့်လျက်၊ ၇- အမျက်နည်းစွာ၊ ၇-ဖြာသည်၊ နောင်ခါ သိကြားဖြစ်ကြောင်းတည်း"
ဟူသော လင်္ကာဖြင့် ထင်ရှားသည်။

သိကြားမင်း ရှိခိုးခံထိုက်သူ၏ ဂုဏ်အင်္ဂါ ၄-ပါး။ ။ သဂါထာဝဂ္ဂသံယုတ်။ပါ။ ၂၃၅ ။ဋ္ဌ။ ၃၂၂-၌ အကျယ်ရှုပါ။ သက္ကသံယုတ်မှ ထုတ်ယူ ပြဆိုသည်၊ ၎င်းင်းဂါထာကား-
"ယေ ဂဟဋ္ဌာ ပုညကရာ၊ သီလ၀န္တော ဥပါသကာ။
ဓမ္မေန ဒါရံ ပေါသေန္တိ၊ တေ နမဿာမိ မာတလိ"
မာတလိက မေး၍ သိကြားမင်းကဖြေပုံ။
(၁) ပုညကရာ- ပစ္စည်းလေးပါး, ဒါန၀တ္ထု ၆-ပါး, ၁၀-ပါး သီလတို့ဖြင့် သဒ္ဓါစင်ဖြူ ပေးလှူနေသူ၊
(၂) သီလ၀န္တော- ၅-ပါး, ၈-ပါး, ၁၀-ပါးသီလတို့ကို စောင့်ထိန်းကျင့်သုံးနေသူ၊
(၃) ဥပါသကာ- ရတနာ ၃-ပါးကို မြတ်နိုးထပ်ထပ် ဆည်းကပ်ကိုးကွယ်နေသူ၊
(၄) ဓမ္မဒါရ ပေါသ- တရားသော အလုပ်သဘောဖြင့် မယား, သားတို့အား လုပ်ကျွေးမွေးမြူသူ။

သိခြင်း, သိပုံမျိုး ၃-ပါး။ ။ သညာသိ, ၀ိညာဏ်သိ, ပညာသိ။ အကျယ် ၀ိသုဒ္ဓိမဂ်။ ဒု-အုပ်။ ၆၆-၌ ရှုပါ။

သိင်္ဂါရ ရသမျိုး ၃-ပါး။ ။ ယောက်ျား မိန်းမတို့၏ ချစ်ကြိုက်မှု, ပေါင်းဆုံမှီဝဲမှု, ကွဲကွာမှုတို့ကိုပင်
သိင်္ဂါရ ရသခေါ်သည်။
(၁) အာယောဂ- ကျား, မတို့ တဦးကိုတဦး ချစ်ကြိုက်စွဲလမ်း နှစ်သက်မှု၊
(၂) သမ္ဘောဂ- လူချင်းတွေ့ထိကိုင်ဆွဲသုံးသပ် ပေါင်းသင်းမှု၊
(၃) ၀ိပ္ပယောဂ- ချစ်ကြိုက်စဖြစ်စေ, ပေါင်းသင်းပြီးမှဖြစ်စေ, သေကွဲ ရှင်ကွဲ ကွဲကွာရခြင်း။

သိထိလ အက္ခရာမျိုး။ ။ မန္တန်မန်းမှုတ်ရာနှင့် ကမ္မ၀ါဉတ်ရွတ်ဖတ်ရာတို့၌ လျော့လျော့ ရွတ်ရသော အက္ခရာ ဆယ်လုံး၊ " က, ဂ, စ, ဇ, ဋ, ဍ, တ, ဒ, ပ, ဗ။ "

သိဒ္ဓိမျိုး ၁၀-ပါး။ ။ တစုံတခုသော မန္တန်ç အင်းç ဆေးç သံç ပြဒါးç ပတ္တမြားç ပုလဲ စသည့် အရာတို့ဖြင့် လိုရာပြီး နိုင်ခြင်းမျိုး ဆယ်ပါး ဟူ၏။
(၁) စိန္တာ မယိဒ္ဓိ- စိတ်ကြံရာ ဖြစ်စေခြင်း၊
(၂) ဥဒက သိဒ္ဓိ- ရေပြင်ပေါ်၌ လျှောက်သွားအိပ်နေနိုင်ခြင်း၊
(၃) ပထ၀ီ သိဒ္ဓိ-မြေလျှိုးနိုင် မြေကြောကိုရှုံ့နိုင်ခြင်း၊
(၄) ဓန သိဒ္ဓိ- ရွှေငွေရတနာ လိုရာရနိုင်ခြင်း၊
(၅) အာယု သိဒ္ဓိ- အသက်ရှည်၍ အရွယ်ပျိုစွာနေနိုင်ခြင်း။
(၆) အာကာသ သိဒ္ဓိ- ကောင်းကင်ခရီး ပျံသန်းနိုင်ခြင်း၊
(၇) အာရောဂျ သိဒ္ဓိ- အနာကင်းခြင်း၊
(၈) ကာယ သိဒ္ဓိ- ဓား, လှံ, သေနတ်, အမြောက် မထိနိုင်ခြင်း၊
(၉) ပိယ သိဒ္ဓိ- သတ္တ၀ါအားလုံးတို့၏ ချစ်ခင်မှုကို ခံရခြင်း၊
(၁၀) ဣဒ္ဓိဝိဓ သိဒ္ဓိ- ဈာန်တန်ခိုးဖြင့် အထူးထူး ဖန်ဆင်းနိုင်ခြင်းမျိုး။

သိပ္ပံပညာ အတတ် ၆၄-ရပ်။ ။"ကလာအတတ်၆၄-ရပ်"ကိုပင် လက်မှုပညာအတတ်များ
ဖြစ်၍ သိပ္ပံပညာ အတတ်ဟု ခေါ်ဆိုကာ ' ၀ိဇ္ဇာအတတ်၁၈-ရပ် 'ဟု ခွဲခြား၍ ပြလေသည်၊ ၎င်းင်းသရုပ် (ကာလအတတ် ၆၄-ရပ်)၌ရှုပါ။

သိမ်နိမိတ်မျိုး ၈-ပါး။ ။ သိမ်သမုတ်ရာ၌ အပိုင်းအခြား သတ်မှတ်ထားရာမျိုး ၈-ပါး။
(၁) ပါသာဏ နိမိတ္တ- ကျောက်တုံး ကျောက်တိုင်နိမိတ်၊
(၂) ပဗ္ဗတ- တောင်၊
(၃) ရုက္ခ- သစ်ပင်၊
(၄) ၀န- တော၊
(၅) မဂ္ဂ- လမ်း၊
(၆) ၀မ္မိက- တောင်ပို့၊
(၇) နဒီ- မြစ်၊
(၈) ဥဒက နိမိတ္တ- ရေဖြင့်ပိုင်းခြား သတ်မှတ်ခြင်းမျိုး၊
အကျယ် ၀ိနည်းမဟာဝါ ။ပါ။ ၁၄၄ ။ဋ္ဌ။ ၃၁၈-၌ ရှုပါ။

သိမ်မျိုးအပြား ၁၅-ပါး။ ။ ရဟန်းတော်များ သံဃကံဆောင်သော သိမ်များဖြစ်၏၊ အကျယ်ကို ၀ိနည်းမဟာဝါ အဋ္ဌကထာ ၄၁၇-၌ ရှုပါ။

« သီ »

သီချင်းခံများ၊ သံ ၈-ပါး၊ မျိုးစား ဝေဘန်သိ။ ။ ၎င်းင်းသရုပ်ကို (အသံ၈-ပါး၊ မျိုးခွဲခြား၊
ခံငြား သီချင်းဆို)ဟူသည်၌ဆိုခဲ့ပြီ။

သီချင်းဆိုသံ ၇-တန်။ ။ ၎င်းင်းသရုပ် (ဂီတအသံ ၇-တန်)၌ ရှုပါ။

သီချင်းမျိုး ၂၂-ပါး။ ။ ကဗျာပင်မကြီးမှ ပေါက်ပွားလာသော
သီချင်းမျိုးအပြား ၂၂-ပါး၊ အကျယ်"ကဗျာဗန္ဓ သာရကျမ်း"၌ ရှု။
ရကန်၊ ဟောစာ၊ သာချင်း၊ ကာချင်း၊ အဲချင်း၊ အိုင်ချင်း၊ လေးချိုး၊ သံချိုချိုး၊ ယိုးဒယား၊ ပတ်ပျိုး၊ (၁၀)။
ကြိုး၊ဘွဲ့၊ ဘောလယ် ရိုးဆန်း၊ တေးရိုးဆန်း၊ သဖြန် ရိုးဆန်း၊ ငိုချင်း ရိုးဆန်း၊ တုံးချင်း ရိုးဆန်း၊
ဟန်ချင်း ရိုးဆန်း၊ လှေချင်း ရိုးဆန်း၊ နတ်သံ၊ (၂၀)။ မှာတမ်း၊ ဇာတ်စကားစပ်ပုံ၊(၂၂)။

သီတင်းကြီး ၄-ပါး။ ။ စောင့်သုံးထိန်းသိမ်းရမည့်တရားကြီး ၄-ပါး။
(၁) ပါတိမောက္ခ သံဝရသီလ၊
(၂) ဣနြေ္ဒိယ သံဝရသီလ၊
(၃) ပစ္စယ သန္နိဿိတသီလ၊
(၄) အာဇီဝ ပါရိသုဒ္ဓိ သီလ၊ ဤ ၄-ပါးကိုရည်၍ ပါရမီခန်း၌
"ပါတိမောက္ခ၊ သံဝရဟု၊ စသည်ကျင့်ပြင်း၊ သီတင်း ၄-ပါး၊ ဆွဆွထွားလျှင်"ဟု ရှင်မဟာသီလ၀ံသထေရ် စပ်ဆိုထားခဲ့၏၊
အကျယ် သီလကြီး၎-ပါး၌ ရှုပါ။

သီတင်းသုံးဖော် ၅-ယောက်။ ။ သီလသိက္ခာ စောင့်ဖော်ကျင့်ဖတ် ၅-ယောက်ဟူ၏၊
(၁) ဘိက္ခု- ရဟန်းယောက်ျား၊ ကိုရင်၊
(၂) သာမဏေရော- သာမဏေ ယောက်ျား၊ ကိုရင်၊
(၃) သိက္ခမာနာ- သိက္ခမာန်၊ သာမဏေမ လောင်း၊
(၄) ဘိက္ခုနီ- ရဟန်းမ၊
(၅) သာမဏေရီ- သာမဏေမ၊ ကိုရင်မ။

သီတင်းသုံးဖော် ၇-ယောက်၊ တနည်း။ ။ မူလပဏ္ဏာသ ။ပါ။၉၂။ဋ္ဌ။ပ-အုပ်။၃၁၄။
(၁) ဘိက္ခု၊
(၂) ဘိက္ခုနီ၊
(၃) သိက္ခာမာနာ၊
(၄) သာမဏေရော၊
(၅) သာမဏေရီ၊
(၆) ဥပါသကော၊
(၇) ဥပါသိကာတိ ဧတေ သတ္တသဟ ဓမ္မစာရိနော။

သီဒါ ၇-တန်။ ။ ကရွတ်ခွေများကဲ့သို့ မြင်းမိုရ်တောင်ကို စွပ်ခွေရစ်ပတ်လျက်ရှိသော တောင်စဉ် ၇-ထပ်တို့၏ အကြားဖြစ်သည့် သမုဒ္ဒရာ ၇-စင်းကိုခေါ်သည်။
(၁) မြင်းမိုရ်တောင်နှင့် ယုဂန္ဓရတောင် အကြား သီဒါတခု ရှိ၏၊
၎င်းင်းသီဒါ၏စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၄၂၀၀၀-စီ ရှိ၏၊
(၂) ယုဂန္ဓရတောင်နှင့် ဤသန္ဓရတောင်အကြား သီဒါတခု ရှိ၏၊
၎င်းင်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၂၁၀၀၀-စီ ရှိ၏၊
(၃) ဤသန္ဓရတောင်နှင့် ကရ၀ိကတောင် အကြား သီဒါတခုရှိ၏၊
၎င်းင်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၁၀၅၀၀-စီ ရှိ၏၊
(၄) ကရ၀ိတောင်နှင့် သုဒဿနတောင် အကြား သီဒါတခု ရှိ၏၊
၎င်းင်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၅၂၅၀-စီ ရှိ၏၊
(၅) သုဒဿနတောင်နှင့် နေမိန္ဓရတောင်အကြား သီဒါတခု ရှိ၏၊
၎င်းင်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၂၆၂၅-စီ ရှိ၏၊
(၆) နေမိန္ဓရတောင်နှင့်ဝိနတ္တကတောင်အကြား သီဒါတခု ရှိ၏၊
၎င်းင်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၁၃၁၂ƒစီ ရှိ၏၊
(၇) ၀ိနတ္တကတောင်နှင့် အဿကဏ် တောင်အကြား သီဒါတခုရှိ၏၊
၎င်းင်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ၆၅၆-ယူဇနာနှင့် တတိုင်ခြောက်ရာတွင်းစီ ရှိကြ၏။

သီရိမျိုး ၃-ပါး။ ။ သားကောင်း ရတနာ ရနိုင်ရန် မိခင်လောင်းများ ပြုကျင့်ရသော
လောကီကျက်သရေ၃-ပါး၊ မုံရွေးဇေတ၀န် ဆရာတော်။
(၁) ကြိုးတန်း ကြိမ်တန်းအောက် မ၀င်ရခြင်း၊
(၂) ခါးဝတ်ထမီကို ထက်အောက်ပြန်၍ မ၀တ်ရခြင်း၊
(၃) ခြေမဆေးဘဲ အိပ်ရာတိုက်ခန်းမ၀င် မအိပ်ရခြင်း။

သီလ ၂-ပါး။ ။
(၁) စာရိတ္တ သီလ- ဤအမှုကိစ္စမျိုးကို ပြုကျင့်ရမည်ဟု မြတ်စွာဘုရား ပညတ်ထားသည့်ဆရာ့ဝတ်
ရဟန်းဝတ် ဒကာဝတ် စသည့်အပစာယန၊ ဝေယျာဝစ္စ ကုသိုလ်မျိုးကို ဆိုသည်၊ လိုရင်းကား လောက၌ ပြုလုပ်ပေးရမည့်
အပြစ်မရှိသော ကိစ္စရပ်များကို ပြုလုပ်ပေးခြင်းအကျင့်သည် မိမိသီလဂုဏ်၌ တိုးတက်ဖြူစင်သော
သီလမျိုးဖြစ်၍ စာရိတ္တသီလခေါ်သည် ဟူ၏၊
(၂) ၀ါရိတ္တ သီလ- ဤအမှုမျိုးကို မပြုလုပ်ရဟု မြတ်စွာဘုရား ပညတ်တော်မူသည့် သိက္ခာပုဒ် ဟူသမျှကို ဘုရားရှင် အလိုတော်ကျအတိုင်း မပြုလုပ်ပဲ စောင့်ထိန်းခြင်းကို ၀ါရိတ္တသီလ ခေါ်သည်။

သီလအပြား ၇-ပါး၊ အများ ဗိုလ်လူဆိုင်။ ။ ရဟန်း ရှင် လူတို့ စောင့်သုံးရသော သီလများ။ထို့အပြင်လည်း အမျိုးများစွာ ရှိသေး၏။
(၁) ငါးပါးသီလ ရိုးရိုး- သာမန် လူ, နတ်, တိရစ္ဆာန်တို့အတွက် နိစ္စသီလမျိုး၊
(၂) ငါးပါးသီလအထူး- ကောမာရ ဗြဟ္မစရိယ သီလမျိုး၊
(၃) ခြောက်ပါးသီလ- ဘိက္ခုနီလောင်း သိက္ခာမာန်များ အတွက်၊
(၄) ရှစ်ပါးသီးလ- ဥပေါသထ သီလမျိုး၊
(၅) ကိုးပါးသီလ- စကြာမင်းနှင့် မိဖုယားကြီးများ သားတော် သမီးတော် ဆွေတော် မျိုးတော်
တိုင်းသူပြည်သားတို့ စောင့်ထိန်းသော ဥပေါသထသီလမျိုး၊
(၆) ဆယ်ပါးသီလ- လူသာမဏေတို့သီလ, လူ့အတွက် နိစ္စသီလမျိုး၊
(၇) စတုပါရိသုဒ္ဓိသီလ- ရဟန်းတော်များသီလ။ အာပတ် ၇-ပုံ။

သီလကြီးမျိုး ၄-ပါး။ ။ မဟာနိဒ္ဒေသ ။ပါ။ ၂၆၄။ဋ္ဌ။ ၃၂၆။ စတု ပါရိသုဒ္ဓိသီလ ခေါ်
၎င်းင်းသီလကြီး ၄-ပါးကို ထက်ဝန်းကျင် စင်ကြယ်စေရမည်ဟုဆိုသည်။
(၁) ပါတိမောက္ခ သံဝရ သီလ- သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းစေတတ်သော သီလတရားစု၊ အာပတ် ၇-ပုံ။
(၂) ဣန္ဒိယ သံဝရ သီလ- စက္ခုစသော ဣနြေ္ဒ ၆-ပါးကို စောင့်စည်း လုံခြုံစေမှု၊
(၃) အာဇီဝပါရိသုဒ္ဓိသီလ- ထက်ဝန်းကျင်မှ အပြစ်မရှိသန့်ရှင်း စင်ကြယ်သော အသက်မွေး ၀မ်းကျောင်းမှု၊
(၄) ပစ္စယသန္နိဿိတ သီလ- ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး, ခေါ် ပစ္စည်းလေးပါး၌ ကောင်းစွာ စင်ကြယ်
သဖြင့်မှီဝဲသုံးဆောင်မှု။

သီလဂုဏ် ၈-ပါး၊ ၂-နည်း။ ။ မိမိတို့စောင့်ထိန်းသော သီလ၌ ထိုဂုဏ်ရှစ်ပါးနှင့်ပြည့်စုံစေ
ရမည်၊ ဤ၌ရှေ့လေးပါးကို လောကီ သီလဂုဏ်၊ နောက်လေးပါးကို လောကုတ္တရာဂုဏ်ဟု မှတ်ရာ၏၊ သံယုတ်ပါဠိတော်။
(၁) အ ခဏ္ဍ- မကျိုးသော ဂုဏ်၊
(၂) အ ဆိဒ္ဒ- မပေါက်သော ဂုဏ်၊
(၃) အ သဗလ- မပြောက်သော ဂုဏ်၊
(၄) အ ကမ္မာသ- မကျားသော ဂုဏ်၊
(၅) ဘုဇိသ- ကိလေသာမှ တော်လှန်သော ဂုဏ်၊
(၆) ၀ိညူ ပသဋ္ဌ- ပညာရှိတို့ ချီးမွမ်းအပ်သော ဂုဏ်၊
(၇) အ ပရာမဋ္ဌ- တဏှာ ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမှုဂုဏ်၊
(၈) သမာဓိ ၀၀တ္တန- သမာဓိ ၃-ပါးကို ဖြစ်စေတတ်သော ဂုဏ်။

သီလစင်ကြယ်၊ ပြည့်စုံဘွယ်၊ ၄-သွယ် အင်္ဂါရှိ။ ။ သီလစင်ကြယ်ပြည့်စုံခြင်း၏အကြောင်း
အင်္ဂါလေးရပ်။
(၁) မိမိကိုယ်တိုင်လည်း မလွန်ကျူးခြင်း၊
(၂) သူတပါးကိုလည်း မလွန်ကျူးစေခြင်း၊
(၃) သူတို့အာသာ လွန်ကျူးသည်ကိုလည်း ၀မ်းမမြောက်၊
(၄) မိမိစောင့်သုံးသော သီလသိက္ခာပုဒ်အသီးသီးကိုလည်း စင်ကြယ်လေစွဟု ချီးကျူး၏။

သီလစောင့်ငြား၊ ကျိုး ၅-ပါး၊ ဘုရားဟောတော်မူ။ ။ မဟာပရိနိဗ္ဗာနသုတ်၌ သီလစောင့်
ရှိသူတို့ခံစားရသော အကျိုး ၅-ပါးကို ဟောတော်မူသည်။
(၁) မမေ့ မလျော့ခြင်းကြောင့် များစွာသော စည်းစိမ်ဥစ္စာတို့ကို ရရှိ၏၊
(၂) ကောင်းသောသတင်း ကျော်စောခြင်း ဂုဏ်ကို ရ၏၊
(၃) ပရိသတ် လေးပါး အလယ်၌ တင့်တယ် ရဲရင့် ရွှင်ရွှင် လန်းလန်းနှင့်နေရ၏၊
(၄) မတွေဝေမမေ့မောဘဲ သေရခြင်း ရှိ၏၊
(၅) သေပြီးနောက်၌ နတ်ရွာ၌ ဖြစ်ရ၏။

သီလ ညှိုးနွမ်း ပျက်စီးခြင်း တရား ၁၆-ပါး။ ။ အောက်ပါအရာများကို ငဲ့ကွက်မှု
မထားဘဲ သီလတရားကို စောင့်စည်းရမည်။
(၁) လာဘ- လာဘ်ကိုငဲ့၍ ပျက်စီးခြင်း၊
(၂) ယသ- ခြွေရံကျော်စောမှုကို ငဲ့သောကြောင့်၎င်း၊
(၃) ညာတိ- ဆွေမျိုးကြောင့် ၎င်း၊
(၄) အင်္ဂါ- ခြေလက်စသည်ကြောင့် ၎င်း၊
(၅) ဇိဝိတ- အသက်ကြောင့် ၎င်း၊
(၆) ခဏ္ဍ- ကျိုးခြင်း၎င်း၊
(၇) ဆိဒ္ဒ- ပေါက်ခြင်း၎င်း၊
(၈) သဗလ- ပြောက်ခြင်း၎င်း၊
(၉) ကမ္မာသ- ကျားခြင်း၎င်း၊
(၁၀-၁၆) မေထုန်ငယ် ၇-ပါး ထည့်၍ ၁၆-ပါးယူသည်။

သီလ၀ိသုဒ္ဓိ အပြား ၄-ပါး။ ။ သီလ ဖြူစင်ကြောင်း တရား ၄-ပါး။
(၁) ဒေသနာ သုဒ္ဓိ- ပါတိမောက္ခ သံဝရသီလ ပျက်လျှင် ဒေသနာကြားခြင်းစသည့်
မိမိအာပတ် ဆိုင်ရာနည်းဖြင့် ကုစားစင်ကြယ်ခြင်းမျိုး၊
(၂) သံဝရ သုဒ္ဓိ- ဣန္ဒြိယ သံဝရသီလ ၆-ပါး၌ တပါးပါး ပျက်လျှင် နောင် မပေါက်ကြားစေရ ဟု
အဓိဋ္ဌာန်တင်၍ စင်ကြယ်ခြင်းမျိုး၊
(၃) ပရိယေဋ္ဌိ သုဒ္ဓိ- အာဇိဝ ပါရိသုဒ္ဓိ သီလပျက်လျှင် ကုလဒူသန အနေသန စသော မိစ္ဆာဇီဝ နောက်ခါ မဖြစ်ရအောင် ရှောင်ကြဉ်၍ သမ္မာအာဇိဝဖြင့် ရှာမှီးခြင်းမျိုး၊
(၄) ပစ္စေဝေက္ခဏာ သုဒ္ဓိ- ဣဏပရိဘောဂ မဖြစ်စေဘဲ ပစ္စည်းလေးပါး၌ ပစ္စဝေက္ခဏာ ဆင်ခြင်၍ ပစ္စယ သန္နိဿိတ သီလကို စင်ကြယ်စေခြင်းမျိုး။

သီဟိုဠ်ကျွန်း၏ အမည်မျိုး ၇-ပါး။ ။
(၁) လင်္ကာဒီပ- လင်းယင်ရွက်နှင့်တူသော ကျွန်း၊
(၂) တမ္ဗပါဏိဒီပ- မြေနီရှိသဖြင့် ၎င်းင်း၌ ကိုင်တွယ်ထောက်လှမ်းသော လက်မှာ နီသောကျွန်း၊
(၃) သီဟဠဒီပ- သီဟဗာဟု ၀တ္ထုလာ ခြင်္သေ့ကျွန်း၊
(၄) သြဇာဒီပ- မြေဆီ သြဇာကောင်းကျွန်း၊ (ကကုသန် ဘုရားလက်ထက် အမည်)။
(၅) ၀ရဒီပ- ကြီးမြတ်ကျွန်း၊ (ကောဏာဂုံ ဘုရားလက်ထက် အမည်)။
(၆) မဏ္ဍလဒီပ-ကြည်လင်ကျွန်း၊ (ကဿပ ဘုရားလက်ထက် အမည်)။
(၇) သီရိလင်္ကာ-ကျက်သရေဆောင်ကျွန်း၊ (ယခုအမည်)။

« သု »

သုံးဆယ့်ခုနစ်မင်းနတ်။ ။ ၎င်းသရုပ်(အတွင်း ၃၇-မင်း၊ အပြင် ၃၇-မင်း)၌ ရှုပါ။

သုံးဆယ့်တစ်ဘုံ။ ။ ၎င်းသရုပ်အဓိပ္ပါယ် (ဘုံ သုံးဆယ့်တစ်)မှာ ကြည့်လေ။

သုံးဆယ့်နှစ် ကောဋ္ဌာသ။ ။ ခန္ဓာကိုယ်၏ ၃၂-ပါးသော အဖို့အစု အစိတ်အပိုင်းများကို ခေါ်ဆိုသည်၊ ဥပရိပဏ္ဏာသပါဠိတော်။
ကေသာ- ဆံပင်၊
လောမာ- အမွေး၊
နခါ- ခြေသည်း လက်သည်း၊
ဒန္တာ- သွား၊
တစော- အရေ၊
မံသံ- အသား၊
နှာရု- အကြော၊
အဋ္ဌိ- အရိုး၊
အဋ္ဌိမိဉ္စံ- ရိုးတွင်းခြင်ဆီ၊
ဝက္ကံ- အညှို့၊(၁၀)။
ဟဒယံ- နှလုံး၊
ယကနံ- အသည်း၊
ကိလောမကံ- အမြှေး၊
ပိဟကံ- အဖျဉ်း၊
ပပ္ဖါသံ- အဆုပ်၊
အန္တံ- အူမ၊
အန္တဂုဏံ- အူသိမ်၊
ဥဒရိယံ- အစာသစ်၊
ကရီသံ- အစာဟောင်း၊
မတ္ထလုင်္ဂံ- ဦးနှောက်၊ (၂၀)။
ပိတ္တံ- သည်းခြေ၊
သေမှံ- သလိပ်၊
ပုဗ္ဗော- ပြည်၊
လောဟိတံ- သွေး၊
သေဒေါ- ချွေး၊
မေဒေါ- အဆီအခဲ၊
အဿု- မျက်ရည်၊
ဝသာ- ဆီကြည်၊
ခေဠော- တံတွေး၊
သိင်္ဃာဏိကာ- နှပ်၊ (၃၀)။
လသိကာ- အစေး၊
မုတ္တံ- ကျင်ငယ်။(၃၂)။

သုံးဆယ့် နှစ်ပါးသော ကံကြမ္မာ။ ။ ၎င်းသရုပ် အကျယ်ကို (ကံကြမ္မာ ၃၂-ပါး)၌ ပြခဲ့ပြီ။

သုံးဆယ့် နှစ်ပါးသော တိရစ္ဆာန ကထာ။ ။ ၎င်း သုတေသန ရပ်ကို(တိရစ္ဆာနာ၊ ဒွတ္တိံသာ၊
ကထာ ၃၂)ဟူသော သရုပ်၌ ပြဆိုခဲ့ပြီ။

သုံးဆယ့် နှစ်ပါးသော လက္ခဏာတော်ကြီး။ ။ ၎င်း သရုပ် အဓိပ္ပါယ် (လက္ခဏာတော်ကြီး ၃၂-ပါး)၌ ရှုပါ။

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ။ ။ ၎င်းသရုပ်အဓိပ္ပါယ် (မင်္ဂလာတရား ၃၈-ပါး)၌ ကြည့်ပါ။

သုံးပုံဖဲဟု၊ ခေါ်ဆိုပြု၊ သမုဗြုပ္ပတ် အသို့နည်း?။ ။ သုံးပုံဖဲ ခေါ်ခြင်း၏ မူရင်းဗြုပ္ပတ်ကား ဖဲပေါင်း ၂၄-ချပ် ရှိလေရာ ၈-ချပ် တပုံကျ သုံးပုံပြုကာ စီစဉ်ကစားခြင်းကို အစွဲပြု၍ ခေါ်ဆိုလေသည်။

သုံးလွန်းတင် ထမင်း။ ။ အောက်ပါ ဦးကြီး၏ လွမ်းချင်းဖြင့် ထင်ရှား၏။
" ပဲနောက်နှင့် ပြောင်းဆန်၊ ကောက်သားငယ်ရံ၊ ဝေဖန်နှောရှက်၊ ရောကာချက်လို့၊
ပြောဘက်ကယ် မမြင်၊ သြဇာ ပြွမ်းတဲ့ သုံးလွန်းတင်ကို၊ ခင်မင်ဖွယ်ရာ၊ သည်ချိန်ကို လာခဲ့ပ၊
တောရွာသူ့ ခန့်ပုံကို၊ အသားကုန်လက်ပြိုင်ဆွဲလို့၊ နွှဲစေမယ်လေး"
ပဲ, ပြောင်း, ဆန် ၃-မျိုး ဆတူ ဟူ၏။

သုက်မလွတ်သူ ၃-မျိုး။ ။
(၁) နတ်ပြည် ၆-ထပ်ရှိ နတ်များ နတ်သ္မီးနှင့်ပေါင်းဆုံမှီဝဲ သုံးသပ်သော်လည်း သုတ်သည် တည်ရာဌာန၌ပင် ချုပ်ပျောက်သွား၏၊
(၂) ဗြဟ္မာများ မေထုန်မှုမရှိ၊
(၃) ဘုရား ရဟန္တာများ။

သုက်သွေးကို သောက်မျို၍ ပဋိသန္ဓေတည်နေသူ ၃-ယောက်။ ။
(၁- ၂) ရသေ့တို့၏ စွန့်ထားသော သုက်သွေးနှင့်တကွသော ကျင်ငယ်ရေကို သောက်ကြသော သမင်မ နှစ်ကောင်တို့၏ ၀မ်း၌ သံကိစ္စ သတို့သားနှင့် ဣသိသိင်္ဂသတို့သား နှစ်ယောက်တို့ ပဋိသန္ဓေနေကာ ဖွားမြင်လာ၍ နောက်ပိုင်း၌ သံကိစ္စရသေ့, ဣသိသိင်္ဂရသေ့ ဟူ၍၎င်းင်း၊
(၃) ဥဒါယီရဟန်း၏ သုက်ရည်လူးသော သင်္ကန်းကို ဘိက္ခုနီမ တဦးက ခံတွင်းဖြင့် စုတ်ယူမျိုစား၍ ကုမာရကဿပ မထေရ်ကို ဖွားမြင်လာသည်ဟူ၍၎င်းင်း သာသနာဝင်ကျမ်းဂန်တို့၌ လာရှိ၏။

သုခအပြား၊ မျိုး ၄-ပါး၊ ထင်ရှား ဘိဓမ္မာ။ ။ ချမ်းသာ ၄-မျိုး
(၁) ဝေဒယိတ သုခ- ခံစား စံစား ရသောသုခ ချမ်းသာမျိုး၊
(၂) သန္တိသုခ- မခံစားရဘဲ အစဉ်ငြိမ်းအေးချမ်းသာသော သုခမျိုး၊
(၃) ကာယိကသုခ- ကိုယ်ချမ်းသာခြင်း၊
(၄) စေတသိက သုခ- စိတ်ချမ်းသာခြင်း။

သုစရိုက် ၃-ပါး။ ။ အပြစ်မရှိ ကောင်းကျိုးသုခ ရမှုမျိုး ၃-ပါး။
(၁) ကာယသုစရိုက်- ကိုယ်ပြု ကောင်းမှု ကုသိုလ်စု၊
(၂) ၀စီသုစရိုက်- နှုတ်ပြုကောင်းမှုကုသိုလ်စု၊
(၃) မနော သုစရိုက်- စိတ်ပြု ကောင်းမှု ကုသိုလ်စု။

သုစရိုက် ၁၀-ပါး။ ။ မူလပဏ္ဏာသ ။ပါ။ ၃၆၀ ။ဋ္ဌ။ ၂၃၄-၌ အကျယ်ရှုပါ။ ၎င်းင်း သရုပ် အဓိပ္ပါယ် (ပုညကြိယာဝတ္ထု ၁၀-ပါး)နှင့် တူ၏။

သုစရိုက်တရား ၁၀-ပါး၊ တနည်း။ ။ ဒုစရိုက် တရား ၁၀-ပါးမှ ရှောင်ရှားပယ်ကြဉ်မှု အကျင့်သီလကိုပင် (သုစရိုက် ၁၀-ပါး)ဟု တနည်း သိမှတ်ရာ၏။

သုစရိုက်တရား အပြား-၄၀။ ။
သုစရိုက် ၁၀-ပါးကိုတည်၊ ကိုယ်တိုင် ပြုလုပ်ခြင်း၊
သူတပါးကို ပြုလုပ်ခိုင်းခြင်း၊ သူတပါး ပြုလုပ်သည်ကို စိတ်ဖြင့်ဝမ်းသာခြင်း၊
သူတပါးပြုလုပ်ရာ၌ နှုတ်ဖြင့် ချီးမွမ်းခြင်း ၄-ပါးဖြင့်မြှောက်သော် သုစရိုက်-၄၀ ဖြစ်၏။

သုစရိုက်တရား အပြား ၁၀၀။ ။ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်း တရာဟူ၏။
(က) ပုည ကြိယာဝတ္ထု ဆယ်ပါးကိုတည်၊ ကံ ၃-ပါးနှင့်မြှောက်၊၃၀-ရ၏၊
(ခ) ပါရမီဆယ်ပါးကိုတည် ဟီန, မဇ္ဈိမ, ပဏီတ ၃-ပါးနှင့် မြှောက် ၃၀-ရ၏၊
(ဂ) ၎င်းင်း ၂-ရပ် ၆၀-ကို အထက်ပါ သုစရိုက် ၄၀-နှင့်ပေါင်းသော် သုစရိုက် ၁၀၀-ဖြစ်သည် ဟူ၏။

သုညတတရား၊ ၁၂-ပါး၊ ပယ်ရှားအတ္တ အသို့နည်း?။ ။ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာလာ အတ္တမရှိပုံကို ပြသည့် အခြင်းအရာ ဆယ့်နှစ်ပါး။
၁- န သတ္တော- ရုပ်, ဝေဒနာစသည်တို့ကား နာမ်ရုပ်သာဖြစ်၏၊ သတ္တ၀ါမဟုတ်။
၂- န ဇီဝေါ- (ယ) ဇီဝမဟုတ်, အသက်မဟုတ်။
၃- န နရော- (ယ) လူမဟုတ် နတ်မဟုတ်။
၎- န မာဏဝေါ- (ယ) လုလင်မဟုတ်။
၅- န ဣတ္ထိ- (ယ) မိန်းမမဟုတ်။
၆- န ပုရိယော- (ယ) ယောက်ျားမဟုတ်။
၇- နအတ္တာ-(ယ) အတ္တမဟုတ်။
၈- နအတ္တနိယံ-(ယ) အတ္တပိုင် ပစ္စည်းမဟုတ်။
၉- နာဟံ- (ယ) ငါမဟုတ်။
၁၀- န မမ- (ယ) ငါ၏ ဥစ္စာမဟုတ်။
၁၁- န အညဿ- (ယ) သူတပါး၏ ဥစ္စာမဟုတ်။
၁၂- န ကဿစိ- (ယ) တစုံတယောက်၏ ဥစ္စာမဟုတ်။

သုတ် ၃-ကျမ်း။ ။ ဒီဃနကာယ်၌ပါဝင်သော ဒေသနာတော်များ၊ အကျယ်(နိကာယ် ၅-ရပ်) ၌ ကြည့်ပါ။

သုဒ္ဓိ ၄-ပါး၊ ရဟန်းများ၊ ထူးခြား ဖြူစင်ဘိ။ ။ ရဟန်းတော်များ အဖို့စင်ကြယ်ခြင်း လေးပါးဟုအဓိပ္ပါယ်ရသည့် ၀ိနယဝေါဟာရ မျိုး။
(၁) ဒေသနာ သုဒ္ဓိ- ပါတိမောက္ခ သံဝရသီလခေါ် ၀ိနည်း ပညတ်တော်ဥပဒေသ၏ စင်ကြယ်ခြင်း၊
၎င်းင်းသည် ဒေသနာကြားသဖြင့် စင်ကြယ်သောကြောင့် "ဒေသနာ သုဒ္ဓိ" မည်၏၊
(၂) သံဝရ သုဒ္ဓိ- သည်အမှုကို ငါတဖန် မပြုတော့ပြီဟု စိတ်ဆောက် တည်ခြင်း၊
စက္ခုစသော ဣနြေ္ဒ စောင့်ထိန်းခြင်းကို ခေါ်သည်၊
(၃) ပရိယေဋ္ဌိ သုဒ္ဓိ- ၀ိနည်းဥပဒေနှင့်မညီသော ပစ္စည်းကိုပယ်၍ ၀ိနည်းတော်နှင့် အညီ
ရှာမှီးလျက် အသက်မွေးဝမ်းကျောင်းပြုခြင်းကို ခေါ်သည်၊
(၄) ပစ္စဝေက္ခဏာ သုဒ္ဓိ-ပစ္စည်းလေးပါးကိုပစ္စဝေက္ခဏာ ဆင်ခြင်၍ သုံးဆောင်မှီဝဲခြင်းကိုခေါ်ဆိုသည်။

သုဓမ္မာသဘင်၊ စည်းဝေးရင်၊ ၄-အင် နတ် အကြောင်း။ ။ ၎င်းင်း အကြောင်းတရား ၄-ပါး၏ သရုပ်ကို (တာဝတိံသာ၊ သုဓမ္မာ၊ ၄-ဖြာ စည်းဝေးကြောင်း)ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

သုရာ မေရယ ကံထိုက်ခြင်း အင်္ဂါ ၄-ပါး။ ။ ဤအင်္ဂါ ၄-ပါးနှင့်ညီမှု နည်းနည်း သောက်
လျှင် နည်းနည်း အပြစ်ရှိ၏၊ များများသောက်လျှင် များသောအပြစ်ရှိ၏၊ဣတိဝုတ် အဋ္ဌကထာနှင့် သမ္မောအဋ္ဌကထာမှ။
(၁) မဇ္ဇဘာဝေါ- သေအရက် ကဇော်ဖြစ်ခြင်း၊
(၂) ပါတုကမျစိတ္တံ- သောက်လိုစိတ် ရှိခြင်း၊
(၃) ၀ါယမော- သောက်ဖြစ်အောင် လုံ့လ ပြုခြင်း၊
(၄) အဇ္ဈောဟရဏံ- သောက်မျိုချခြင်း။

သူရာမျိုး ၅-ပါး။ ။ ၀ိနည်းမဟာဝါ။ပါ။ ၁၄၆ ။ဋ္ဌ။ ၁၂၇ မူးယစ်၍သူတော်ကောင်းတရား
ကိုမေ့လျော့စေတတ်သော သေရည်ခေါ် သူရာမျိုး ၅-ပါး။
(၁) ပိဋ္ဌ သူရာ- ဆန်မှုန့်ကို ဉပလုပ်သော သေရည်၊
(၂) ပူဝသူရာ- မုယောဂျုံမှုန့်ကို ဉပလုပ်သော သေရည်၊
(၃) သြဒန သူရာ- ကောက်ညှင်း ထမင်းကို ဉပလုပ်သော သေရည်၊
(၄) ကိဏ္ဏ ပက္ခိတ သူရာ- တဆေးမှုန့်ကိုခတ်၍ ဉပလုပ်သော သေရည်၊
(၅) သမ္ဘာရ သံယုတ္တသူရာ- သေရည်ဖြစ်ကြောင်း ၀တ္ထုပေါင်းကို စုဆောင်း ဉပလုပ် အပ်သော သေရည်။

« သူ »

သူကောင်း လူကောင်း တရား ၇-ပါး။ ။ သုတ်ပါထေယျ ။ပါ။ ၂၀၈။ဋ္ဌ။၂၂၁။ သတ္တင်္ဂုတ္တရ ။ပါ။ ၄၈၃။ ဋ္ဌ။ ၁၈၄။ ဓမ္မကထိကများ သိထားလိုက်နာစရာ။သတ္တ သပ္ပုရိသ ဓမ္မာဟု သီးခြား ဘုရားဟောတော်မူသည်။
(၁) ဓမ္မညူ- ပါဠိ၌ လိမ်မာခြင်း ကိုယ်ကျင့်တရား၌ နားလည်ရခြင်း၊
(၂) အတ္ထညူ- အနက်၌ ကျွမ်းကျင်ခြင်း အကျိုးရရေး၌ နားလည်ခြင်း၊
(၃) အတ္တညူ- ကိုယ်ရေး ကိုယ်တာ၌ လိမ်မာခြင်း၊
(၄) ကာလညူ- အချိန်ကာလ အပိုင်းအခြားကို သိခြင်း၊ အခြေအနေကို နည်းလည်ရခြင်း၊
(၅) မတ္တညူ- အတိုင်းအရှည် ပမာဏကို သိခြင်း၊အလိုက်သိရခြင်း၊
(၆) ပရိသညူ- ပရိသတ်အလိုသဘော၌ သိရှိလိမ်မာခြင်း၊
(၇) ပုဂ္ဂလညူ- ပုဂ္ဂိုလ်၏ အလိုသဘော၌ ပါးနပ်လိမ္မာရခြင်း။

သူခိုးကြီးတို့ လိုက်နာ ထိန်းစောင့်သည့် အင်္ဂါ ၈-ပါး။ ။ ဤအင်္ဂါရှစ်ပါးကိုစောင့်ထိန်း
သော ခိုးသား ကြီးများသည် ရက်-လ-နှစ်ရှည်- တည်တံ့နိုင်သည်၊ ဤအင်္ဂါရှစ်ပါးနှင့် မပြည့်စုံသော ခိုးသား ဓားပြတို့ကား- ရက်-လရှည်မတည်၊ လျင်မြန်စွာ ပျက်စီးတတ်သည်ဟု အင်္ဂုတ္တရ ပါဠိတော်တတိယအုပ်- (၁၅၃)၌ ဟောတော်မူသည်။
(၁) မိမိ၏ ရန်သူမဟုတ်သည့် အသက်အရွယ်ကြီးသူ, ကလေးသူငယ်,
အကျင့်သီလဂုဏ် ရှိသူ,တို့ကိုရိုက်နှက် ပုတ်ခတ်မှု မပြုခြင်း၊
(၂) ပစ္စည်းဥစ္စာကို အကုန်မယူခြင်း၊
(၃) မိန်းမကို မသတ်ခြင်း၊
(၄) အမျိုးသမီးတို့ကို မဖျက်ဆီးခြင်း၊
(၅) ရှင် ရဟန်းတို့ကို မလုရက်ခြင်း၊
(၆) မင်းဘဏ္ဍာတိုက်ကို မလုရက်ခြင်း၊
(၇) ရွာ-နိဂုံး မင်းနေပြည်အနီး၌ မလုရက် မတိုက်ခိုက်ခြင်း။

သူခိုးဓားပြ၊ သူပုန်တို့၏ မှီခိုအားထားရာကြီး ၅-ပါး။ ။ လူသားတို့ငြိမ်းဧချမ်းသာမှု
အတွက် တိုင်းပြည် မြို့ရွာ နယ်ပယ် အုပ်ချုပ် ထိန်းသိမ်းကြသော မင်းစိုးရာဇာတို့ သိထားရန်။
အင်္ဂုတ္တရ ။ပါ။ ဒု-အုပ်။ ၁၁၃-၌အကျယ်ရှုပါ။
(၁) အသွားအလာ ခက်သည့် ရေလယ်ကျွန်း၊ တောင်ကြားချောက်ကြား၊ ရှို-မြောင် မညီညွတ်သော
ခရီးခက်အရပ်ကို မှီနေတတ်ကြသည်၊
(၂) ထူထပ်သည့်ကိုင်းတောကျူတော၊ပင်ချင်းယှက်သည့်တောအုပ်ကြီး စသည့်အရပ်မျိုး၊
(၃) တစုံတယောက်က ဖေါ်ပြောလျှင် မင်းအမတ် မှုထမ်း ရာထမ်းတို့က အပြစ်ကို ကာကွယ်ဖုံးအုပ်
ပေးရန် ၎င်းင်းတို့နှင့်ကြိုတင်၍ အကျွမ်းတ၀င် အမှီတံကဲ ဉပလုပ်ထားခြင်း၊
(၄) မိမိတို့အပြစ်ကိုဖေါ်ပြောထုတ်ဆိုမည့်သူများအား နှုတ်ပိတ်ခ ပစ္စည်းဥစ္စာပေးကမ်းရန်၊
(၅) မိမိတို့၏ လျှို့ဝှက် တိုင်ပင်မှု မပေါက်ကြား စေရန် အထူးလုံခြုံသောနည်းလမ်း ဥပါယ်တို့ ဖြစ်၏။

သူဌေးရိုးရာ၊ ဇာတ်နွယ်လာ၊ ၄-ဖြာ မည်သို့ မှတ်သနည်း?။ ။ သူဌေးတို့၏မျိုးရိုး
အစဉ်ကို ဇာတ်နွယ် အားဖြင့် ဤသို့ ဘွဲ့ပုံ တံဆိပ်များ ပေးအပ်၏။
(၁) ခတ္တိယ သေဋ္ဌိ- ဥစ္စာများစွာ ကြွယ်ဝသော မင်းမျိုး သူဌေး၊
(၂) ဗြဟ္မဏသေဋ္ဌိ- ဥစ္စာများစွာ ကြွယ်ဝသော ပုဏ္ဏားမျိုး သူဌေး၊
(၃) ဝေဿ သေဋ္ဌိ- ဥစ္စာများစွာကြွယ်ဝသော ကုန်သည်ကြီး အသည်မျိုးသူဌေး၊
(၄) မာဟာ သေဋ္ဌိ- သူဆင်းရဲအမျိုးမှ သူဌေးကြီး ဖြစ်လာသူများ။

သူတပါးအိမ်၌ မအပ် မထားရသော အရာမျိုး ၄-ပါး။ ။ ဇာတ်ပါဠိတော်ဒု-အုပ်။ ၁၂၀။ဋ္ဌ။ ပဉ္စမအုပ် ၄၆၆။
(၁) ခိုင်းနွား, ဆင်, မြင်း စသည်၊
(၂) နို့စားနွားမ၊
(၃) လှည်း, ရထား, စသည်၊
(၄) ဇနီး- မယား။

သူတပါးအား မပြောကြားအပ်သော အရာကြီး ၉-ပါး။ ။ ထိုအကြောင်းတရား ကိုးပါးကို ထင်ရှားစွာ ထုတ်ဖေါ် မဆိုရာဟု ဟိတောပဒေသ၌ လာရှိ၏၊မလုံခြုံက ပျက်စီးကျိုးမဲ့ ဖြစ်တတ်သည်။
(၁) အာယု- မိမိနေရအံ့သော အသက်အပိုင်းအခြား၊
(၂) ၀ိတ္တ- မိမိပိုင် စည်းစိမ်ဥစ္စာ ရတနာဟူသမျှ၊
(၃) ဂေဟဆိဒ္ဒ- မိမိ၏ အိမ်၌ မလုံခြုံသော နေရာနှင့် အပြစ်အဆာ ဟူသမျှ၊
(၄) မန္တ- လျှို့ဝှက်အပ်သော တိုင်ပင် ဆွေးနွေးမှုများ၊
(၅) မေထုန- ကိုယ့်မယားအား သံဝါသမှု စပ်ရှက်ဉပပုံနည်းနှင့် ပြုသောနေရာဌာန၊
(၆) ဘေသဇ္ဇနယ- ခဲခက်စွာ ဖေါ်စပ်အပ်သော ဆေးစွမ်းကောင်းများ၊
(၇) တပ- မိမိ၏ ချိုးခြံစွာသော အကျင့်၊
(၈) ဒါန- လှူဒါန်း ပေးကမ်းခြင်း၊
(၉) အပမာဏ- မိမိအား သူတပါးတို့က ပမာမထား မလေးစားပုံ အခြင်းအရာ။
မှတ်ချက်။ ။တပ,နှင့် ဒါန,တို့အတွက်ကိုမူ မိမိအား သူတပါးတို့က အထင်အမြင်ကြီးလာအောင် ဖြစ်စေ၊
ဂုဏ်ပကာသနကို ဖေါ်လို၍ ဖြစ်စေ၊ မပြောဆိုအပ်၊ ထင်သေး မြင်သေး ဖြစ်တတ်သည် ဟူ၏၊
"ပတ္တိဒါန"အမျှပေးဝေရေး အတွက်ကိုမူကား ထင်ရှားစွာပြောဆိုအပ်၏ဟု မှတ်လေ။

သူတော်ကောင်း ဥစ္စာ ရတနာ ၇-ပါး။ ။ သတ္တင်္ဂုတ္တရ။ပါ။ ၃၉၈။ ၎င်းသရုပ်(အရိယာ ဥစ္စာ ၇-ပါး)နှင့် တူ၏။ ၎င်းင်း၏ သရုပ်အဓိပ္ပါယ် (အရိယာဥစ္စာ ၇-ပါး)ဟူသော စကားရပ်၌ ပြခဲ့ပြီ။

သူတော်ကောင်းတရား ၇-ပါး။ ။ သတ္တ သဒ္ဓမ္မာ ဟု သီးခြား ဘုရားဟောတော်မူသည်။
(၁) သဒ္ဓေါ-ရတနာသုံးပါး၏ ဂုဏ်ရည်, ကံ, ကံ၏အကျိုးတို့၌ ယုံကြည်ခြင်း၊
(၂) ဟီရိတာ- မကောင်းမှု၌ အရှက်ရှိခြင်း၊
(၃) သြတ္တပ္ပီ- မကောင်းမှု၌ အကြောက် ရှိခြင်း၊
(၄) ဗဟုဿုတော- အကြား အမြင်များခြင်း၊
(၅) အာရဒ္ဓ ၀ီရိယော- ကောင်းလုပ်၌ လုံ့လ၀ိရီယ ရှိခြင်း၊
(၆) ဥပဋ္ဌိတ သတိ- ကောင်းရာ၌ ထင်သော သတိရှိခြင်း၊
(၇) ပည၀ါ- ဥာဏ်ဆင်ခြင် ပညာရှိခြင်း။

သူမိုက် လက္ခဏာ၊ အင် ၃-ဖြာ၊ မိန့်မှာ မြတ်ဗုဒ္ဓ။ ။ ၎င်း သရုပ်ကို(လူမိုက် လက္ခဏာ၊ အင် ၃-ဖြာ) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

သူယုတ်တို့ ပေးလှူပုံနည်း ၅-မျိုး။ ။ ဥပရိပဏ္ဏာသ ။ပါ။ ၇၂။ ၎င်း ။ဋ္ဌ။ ၅၄-၌ အကျယ်ရှုပါ။ အသပ္ပုရိသ ဒါနမျိုး ၅-ပါး။
(၁) အ သက္ကစ္စံ ဒါနံ ဒေတိ- သန့်သန့် ရှင်းရှင်း စင်စင် ကြယ်ကြယ် ပြု၍ မပေးလှူ၊
(၂) အ စိတ္တီ ကတွာ ဒေတိ- မရိုမသေ မလေးမခန့်ပြု၍ ပေးလှူ၏၊
(၃) အ သဟတ္ထာ ဒေတိ- ကိုယ်ထိလက်ရောက် မပေးလှူ၊
(၄) အပ၀ိဒ္ဓံ ဒေတိ- စွန့်ပစ်လောက်အောင် မကောင်းပျက်စီးလုနီးမှ ပေးလှူခြင်း၊
(၅) အနာဂမန ဒိဋ္ဌိကောဒေတိ- ရရောက် ခံစားမည့် နောင်ကျိုးကို မယုံမကြည် ပေးလှူခြင်း။

သူရဲကောင်းပြား၊ ၁၃-ပါး၊ မြှောက်စား စစ်ဘုရင်။ ။ မင်း အစိုးရတို့သည် အောက်ပါ
ရည်သွားသတ္တိရှိသော သူရဲသူခက်တို့ကို စည်းစိမ်ဂုဏ်ထူးအမျိုးမျိုးတို့ဖြင့် မြှောက်စား ချီးကျူးရာသည် ဟူ၏၊ ဤ၌ ၁၃-ယောက်ကို သီလက္ခန် သာမညဖလသုတ် အဋ္ဌကထာနှင့်၊ ၎င်းင်း ဋီကာ ကျမ်းတို့မှယူပြသည်။
(၁) ဟတ္ထာရောဟ- ဆင်စီး စစ်တိုက် သူရဲကောင်း၊
(၂) အဿာရောဟ- မြင်းစီးစစ်တိုက် သူရဲကောင်း၊
(၃) ရထိက- ယာဉ်, ရထားစီးစစ်တိုက် သူရဲကောင်း၊
(၄) ဓနုဂ္ဂဟ- သေနတ်, အမြောက်, စိန်ပြောင်း, လေးပစ် တည့်မတ်သော စစ်တိုက်သူရဲကောင်း၊
(၅) စေလက- အောင်လံကိုင် ရှေ့သွားသူရဲကောင်း၊
(၆) စလက- တပ်ရင်း, တပ်မ, တပ်ခွဲ, တပ်စိပ်တို့ကို အနေအထားကျအောင်
အဌာကျကျ စီရင်တိုက်ခိုက်စေတတ်သော သူရဲကောင်း၊
(၇) ပိဏ္ဍဒါထိက- ထန်းသီးခိုင် ချိုင်သကဲ့သို့ တဖက်ရန်သူ၏ဦးကောင်းကို ဖြတ်ယူစွမ်းနိုင်သော သူရဲကောင်း၊
(၈) ဥဂ္ဂရာဇပုတ္တ- တိုက်ပွဲအောင်ဖန်များ၍ ကျော်ကြား ထင်ရှားသော မင်းညီ မင်းသား သူရဲကောင်းများ၊
(၉) ပက္ခန္ဒိန- ရန်သူ့တပ်တွင်းသို့ ခုန်ပျံ ထိုးဝင်လျက် သူရှင်ဦးခေါင်းကို ဖြတ်ယူကာ လျင်စွာ
ပြန်လာနိုင်သော "ပျံချီ"သူရဲကောင်းများ၊
(၁၀) မဟာနာဂ- အမုန်ယစ် ဆင်ပြောင်းကြီးနှင့် ရင်ဆိုင်တွေ့စေကာ မဆုတ်မနစ် ထိုးပစ် တွန်းလှန်၍
အနိုင်ယူတတ်သော သူရဲကောင်း၊
(၁၁) သူရာ- မဟာသမုဒ္ဒရာကြီးကိုပင် လက်ပစ်ကူးရမည်ဟု အရှင်က စေခိုင်းလျှင်
မဆုတ်မပြန် ကူးအံ့ဟု ကိုယ်စွမ်းကိုး သူရဲကောင်း၊
(၁၂) စမ္မရောစိန- သားရေçသံချပ်ဝတ်အင်္ကျီကို ၀တ်ဆင်၍ တဖက်စစ်သည်ကို အတင်းဝင်ရောက် နှိမ်နင်းနိုင်သော သူရဲကောင်း၊
(၁၃) ဒါသပုတ္တ- မကြောက်မရွံ့ နောက်မတွန့်ဘဲ ရန်သူ့အတွင်းသို့ဝင်နိုင်သော အိမ်တော်ပါသူရဲကောင်း။

သူ့အသက် သတ်ခြင်း၏ အပြစ်မျိုး ၂၃-ပါး။ ။ ၎င်း သရုပ်ကို (ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး)၌ ဆိုခဲ့ပြီ။

သူ့ဥစ္စာခိုး၊ မကောင်းကျိုး၊ အမျိုး ၁၂-ပါး။ ။ ၎င်း သရုပ်ကို (အဒိန္နဒါန်၏ အပြစ် ၁၂-ပါး)၌ ဆိုခဲ့ပြီ။

သူ့သားမယား၊ လွန်ကျူးငြား၊ ၁၅-ပါးပြစ်ခံ။ ။ ၎င်း သရုပ်ကို(ကာမေသုကံ၊ ကျိုးပြစ်ဒဏ်၊ ထိမှန် ၁၅-ပါး) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။